Breaking

မန်ချက်စတာယူနိုက်တက်မန်နေဂျာ Solskjaer သည် Declan Rice ကို ကြည့်ရှုရန်အတွက် ကင်းထောက်များလွှတ်ထားမှူ့နှင့်ပတ်သက်သော ကောလာဟလများ အကြောင်းကို ထပ်မံပြောကြားခဲ့...



မန်ချက်စတာယူနိုက်တက်အသင်းမန်နေဂျာ Solskjaer သည် Declan Rice ကို ကြည့်ရှုရန်အတွက် ကင်းထောက်များလွှတ်ထားမှူ့နှင့်ပတ်သက်သော ကောလာဟလများ အကြောင်းကို ထပ်မံပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ရန်အလားအလာကောင်းနေသည့် West Ham ကွင်းလယ်ကစားသမား Declan Rice ကို Ole Gunnar Solskjaer ၏ကင်းထောက်များကစောင့်ကြည့်ခဲ့ကြပါတယ်။မန်ချက်စတာယူနိုက်တက် ကင်းထောက် များဟာ အခု နွေရာသီ အပြောင်းအရွှေ့ တွင် Rice ကိုခေါ်ယူနိုင်ရန်အတွက် အဓိကထား စောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်။

Solskjaer ရဲ့ကင်းထောက် Simon Wells ဟာ ပြီးခဲ့သည့်သောကြာနေ့က ဝက်စ်ဟမ်အသင်း ဟာ ရှက်ဖီးယူနိုက်တက်အသင်း ကို ၁-၀ ရှုံးနိမ့်ချိန်အတွင်း ဝက်စ်ဟမ်အသင်း ကွင်းလယ်ကစားသမား Rice ရဲ့ ကစားပုံတွေကို အဓိကထားပီး စောင့်ကြည့်ရှုခဲ့ကြောင်းသိရပါတယ်။
Simon Wells ဟာ Solskjaer ရဲ့ ယုံကြည်စိတ်ချရဆုံးကင်းထောက်ဖြစ်ပြီးသူ၏တစ်ခုတည်းသောတာဝန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အားဖြည့်ပေးနိုင်သည့်ကစားသမားများကိုရှာဖွေရန် ဖြစ်ပါတယ်။

Declan Rice ကို  ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုထားသော်လည်း လာမည့်လများအတွင်း ယူနိုက်တက်သို့ပြောင်းရွှေ့ရန်အတွက် ပြင်ဆင်နေကြောင်းအစီရင်ခံစာများတွင်ဖော်ပြထားခဲ့ကြပါတယ်။



တစ်ချိန်တည်းမှာပဲ ယူနိုက်တက်အသင်းဟာ နာပိုလီ ခံစစ်ကစားသမား Kalidou Koulibaly ပေါင် ၆၄ သန်းဖြင့်ပြောင်းရွှေ့ရန်သဘောတူညီခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း အံ့အားသင့်ဖွယ်ပေါ်ထွက်လာခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်း ဟာ ဗဟိုခံစစ်ကစားသမားတွေနဲ့ ပြည့်နေပေမဲ့ နောက်ထပ်ဗဟို ခံစစ်ကစားသမားတစ်ယောက်အတွက် ပေါင် ၇၅ သန်းခန့်ဖြင့် ထပ်မံ သုံးစွဲနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

#Sportlivemyanmar
#slm

No comments:

Powered by Blogger.