Breaking

ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ဒီနှစ်နွေရာသီမှာ Christian Eriksen ကို တရားဝင် ခေါ်ယူနိုင်ရန်အတွက် အင်တာမီလန်အသင်းက အလိုရှိနေပေမဲ့The Mirror သတင်းဌာနကဖော်ပြချက်အရ
Christian Eriksen ဖက်က အင်တာမီလန်ကို သွားချင်ပေမဲ့ အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ချက်မရသေးဘူးလို့ ဆိုပါတယ်။


တိုက်စစ်မှူးတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ Paris Saint-Germain (PSG) အသင်းကလည်း Christian Eriksen ကိုခေါ်ယူနိုင်ရန်အတွက် ယခုလ အစောပိုင်းကတည်းက စောင့်ကြည့်နေပီး စပါး အသင်းဖက်ကသာ မီးစိမ်းပြပါက ပြောင်းရွှေ့ကြေးအမြောက်အမြားဖြင့် ခေါ်ယူဖို့အတွက် အဆင်သင့် ဖြစ်နေပီဖြစ်ကြောင်းသိရပါတယ်။



မန်စီးတီး ဗဟို ခံစစ် ကစားသမား John Stones ဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာတွေနဲ့ အခက်ခဲဆုံးသော ရာသီကို ကျော်ဖြတ်နေရပါတယ်။ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသော အသက် ၂၅  အဆိုပါကစားသမားဟာ အနာဂတ် တွင် ကလပ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်လာနိုင်ခြေရှိခဲ့ပေမဲ့ အခုချိန်မှာတော့ ရုန်းကန်နေရပါတယ်။မန်ချက်စတာ ညနေခင်းသတင်းစာကတော့ Stones ဟာ မန်စီးတီးအသင်း မှာပဲဆက်လက်ရှိနေမယ်ဆိုပီး အခိုင်အမာဆိုခဲ့ကြပါတယ်။



Nathan Ake ဟာအခုလက်ရှိအချိန်မှာ Bournemouth အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေပေမဲ့ စာချုပ်ကုန်ဆုံးပါက မိခင်ကလပ်အသင်းက ပြန်လည် ဝယ်ယူလိုပါက ဝယ်ယူနိုင်သည့်အပိုဒ်ပါရှိခဲ့ပါတယ်။ ဒါကြောင့် ခြေစွမ်းပြနေသည့် Nathan Ake ကို မိခင်ကလပ် ချဲလ်ဆီး အသင်းက ပြန်လည်အခေါ်ယူရန်အတွက် အလိုရှိနေပီ ပြန်လည် ခေါ်ယူပါက Nathan Ake အတွက် ယူရို ၃၅ သန်းမျှသာ ပေးခြေပီး ပြန်လည်ခေါ်ယူနိုင်သည့်အတွက် ချဲလ်ဆီး အသင်းတွင် Nathan Ake ကိုပြန်လည်မြင်တွေ့ ရဖို့အတွက် အလွန်နီးစပ်နေတယ်လို့ Sky Sports ကို ချဲလ်ဆီး အသင်း မန်နေဂျာ ဖရန့်လမ်းပတ်ပြောကြားသွားခဲ့ပါတယ်။

#Sportlivemyanmar
#slm

No comments:

Powered by Blogger.