Breaking

မန်ချက်စတာယူနိုက်တက်အသင်း နောက်ဆုံးသတင်းများနှင့် ဘရူနိုဖာနန်ဒက်စ် အက်ရှလေယန်း အဲရစ်ခ်ဘီလီတို့ရဲ့ နောက်ဆုံးရ အပြောင်းရွှေ့သတင်းများ....

မန်ချက်စတာယူနိုက်တက်အသင်း နောက်ဆုံးသတင်းများနှင့် ဘရူနိုဖာနန်ဒက်စ် အက်ရှလေယန်း အဲရစ်ခ်ဘီလီတို့ရဲ့ နောက်ဆုံးရ အပြောင်းရွှေ့သတင်းများ....
မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူနိုင်ပီလို့ သတင်းကြီးနေတဲ့ ပေါ်တူဂီကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ပီးခဲ့တဲ့ညက စပို့တင်း လစ္စဘွန်းအသင်းအနဲ့အတူ သူရဲ့ နောက်ဆုံးပွဲအတွက် ကစားခဲ့ပါတယ်။


ဖာနန်ဒို ဟာ ဘင်ဖီကာနှင့်ရင်ဆိုင်ခဲ့ရသောပွဲတွင် စပို့တင်း လစ္စဘွန်းအသင်း အသင်းပရိတ်တွေက သောင်းသောင်းဖျဖျ အားပေးခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ သူ့အသင်း ပရိသတ်များကလည်း မန်ချက်စတာယူနိုက်တက်တွင် စတင်ကစားမည့် ပွဲကို ကြည့်ရှူ့ဖို့အတွက်လည်း စိတ်လှုပ်ရှားနေကြပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့တွင် လီဗာပူးလ်အိမ်ကွင်း သို့သွားရောက်ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်များပွဲကြိုလေ့ကျင့်မှူ့များသေချာပြုလုပ်လျှက်ရှိတာကို မြင်တွေ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း မန်နေဂျာ Ole Gunnar Solskjaer က Marcus Rashford ကိုမနက်ဖြန်မှာကစားမယ့်ပွဲအတွက်ပါဝင်နိုင်မလား မပါနိုင်ဘူးလားဆိုတဲ့ ကြံ့ခိုင်ရေးအခြေအနေတွေကို စောင့်ကြည့်လျှက်ရှိနေပေမဲ့ Rashford ရဲ့ကြံ့ခိုင်မှုဟာ လီဗာပူးနဲ့ ပါကို ကစားရန်ထက်လွဲချော်ရန်ပိုများကြောင်းသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ယူနိုင်တက် ပရိတ်သတ်တွေအတွက်တော့ စိတ်မကောင်းစရာသတင်းတစ်ခုပါ။သို့သော် အန်ဖီးလ်ကွင်းမှာ ကစားမယ့် ပွဲမှာအသင်းတိုက်စစ်အတွက် Marcus Rashford ဟာနံပါတ် ၁၀ အသင်းအင်္ကျီကိုဝတ်ဆင်ရန်အတွက် အဆင်သင့်ဖြစ် နေပါလိမ့်မည်ဟုလည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

အခြားသတင်းများအရ အက်ရှလေယန်း ဟာ အင်တာမီလန်သို့ပြောင်းရွှေ့ရန်အတွက် ပီးခဲ့တဲ့ညက သဘောတူညီချက်ရသွားပီးဖြစ်တယ်လို့ သတင်းတွေက အတိအလင်း ဖော်ပြခဲ့ကြပါတယ်။
မန်ချက်စတာယူနိုက်တက်သည်အဲရစ်ခ်ဘီလီ၏စာချုပ်သက်တမ်းကို (၂၀၂၂) အထိဆက်လက်တိုးမြှင့်လိုက်သည်။
အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ အဲရစ်ခ်ဘီလီဟာယူနိုက်တက်အသင်းကို (၂၀၁၆) မှာ Villarreal ကနေပေါင် (၃၀) သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး၊ နောက်ထပ် (၂) နှစ်စာချုပ်သက်တမ်းတိုးစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ် ၊၊ ယူနိုက်တက်အနေနှင့် အဲရစ်ခ်ဘီလီ ကိုတစ်ရာသီလုံးကစားနိုင်ခြင်းမရှိသော်လည်းစာချုပ်သက်တမ်းတိုးရန်အတွက် ရွေးချယ်ခဲ့ပါတယ်။

အဲရစ်ခ်ဘီလီ ဟာဒူးဒဏ်ရာကြောင့်ငါးလကျော်အနားယူခဲ့ရသော်လည်းယူနိုက်တက်အသင်းဟာ ရာသီကုန်တွင်အသက် ၂၀ ကျော်အရွယ်ကစားသမားတစ် ဦး ကိုဘယ်တော့မှထုတ်လွှတ်တော့မည်မဟုတ်ဘဲ Bailly အတွက် အတော်အတန်များသောပမာဏဖြင့်ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ဘီလီ ဟာတစ်ချိန်မှာ သူဟာအသင်းအတွက် အကောင်းဆုံး ပြန်လည်ကစားပေးနိုင်လိမ့်မယ်လို့ လည်းမျှော်လင့်နေကြပါတယ်။
အက်ရှလေယန်းဟာ ယူနိုက်တက်အသင်း၌ ၁၁ နှစ်ကြာပြီးနောက်အင်တာကိုပြောင်းရွှေ့လာခဲ့ပါတယ်။ သူဟာရာသီကုန်အထိ San Siro မှာ ရှိနေမယ့် စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပြီး လာမယ့်နှစ်မှာ အသင်းပြောင်းချင်ပါက ပြောင်းနိုင်ရန်တွက်လည်း စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်းသိရပါတယ်။
အသက် (၃၄) နှစ်ရှိပြီဖြစ်သော အက်ရှလေယန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် (၁၁) နှစ်အကြာကစားပေးခဲ့ပီး အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် တွင်ရှိခဲ့တုန်းက သူ့အပေါ် ထောက်ခံအားပေးခဲ့တဲ့ ကလပ်နှင့်ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

No comments:

Powered by Blogger.