Breaking

စပါးအသင်းဟာ လီဗာပူးလ်အသင်းအားရှုံးနိမ့်ပြီးနောက်တွင် မော်ရင်ဟိုကအပြောင်းအရွှေ့ကိစ္စများကိုပယ်ချသွားခဲ့သည်...

စပါးအသင်းဟာ လီဗာပူးလ်အသင်းအားရှုံးနိမ့်ပြီးနောက်တွင် မော်ရင်ဟိုကအပြောင်းအရွှေ့ကိစ္စများကိုပယ်ချသွားခဲ့သည်...



စပါးအသင်းနည်းပြဟိုဆေးမော်ရင်ဟိုသည် Gedson Fernandes နှင့် Christian Eriksen တို့နှင့်ပတ်သက်သည့်ကောလာဟလများကြားတွင်ပြောင်းရွှေ့ကြေးကိုပယ်ချခဲ့သည်။

Benfica ကွင်းလယ်လူဖာနန်ဒက်စ်သည် ၁၈ လကြာချေးငွေစာချုပ်အရစပါးအသင်းသို့ပြောင်းရွှေ့ရန်နီးစပ်နေပြီး
စပါးကြယ်ပွင့် Eriksen သည်ဇန်န၀ါရီလတွင် Serie A အသင်းတွေက အဓိထားစောင့်ကြည့်တဲ့အကောင်းဆုံးကစားသမားတစ် ဦး ဖြစ်လာခဲ့သည်။
ရာသီကုန်မှာအာဆင်နယ်အသင်းဟာအဲလက်စ်ကိုခေါ်ယူနိုင်ဖို့အတွက် ချိတ်ဆက်ကြိုးပမ်းလျှက်ရှိနေပါတယ်။

မော်ရင်ဟိုက သတင်းထောက်များအားပြောကြားရာတွင် ကစားသမားအသစ်များနှင့်ပတ်သက်ပြီးနောက်ဆုံးပြောချင်တာကတော့ ဒီကစားသမားအသစ်တွေအကြောင်းမပြောတာကကလေးလေး တွေကိုလေးစားမှုပြနိုင်တဲ့နည်းလမ်းတစ်ခုပါ။

တန်ဂန်ဂါဟာကစားသမားအသစ်တစ်ယောက်လို့ပြောလို့ရမလား။ ကျွန်တော်ပြောနိုင်ပါတယ် သူဟာပရီးမီးယားလိဂ်မှာစပါးအသင်းအတွက်ဘယ်တော့မှမကစားဖူးပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ အသင်းအတွက် သူအကောင်းဆုံးကစားနိုင်ကြောင်းသက်သေပြခဲ့ပါတယ်။
သူဟာတိုက်စစ်မှူးမဟုတ်ပါဘူး၊ သူဟာကွင်းလယ်လူကစားသမားမဟုတ်ပါဘူး၊  ဒါပေမဲ့ သူဟာသိပ်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။

ဒီကလေးလေး ဟာ တကယ်ကိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမလိုပါဘူး
Harry Kane ,Sissoko ,Lloris ,Ben Davies တို့ ဒဏ်ရာရနေလို့ ငိုနေမဲ့အစား ဒီကလေးလေး တန်ဂန်ဂါနဲ့ပြုံးကြ ရအောင်လား လို့ပြောကြားသွားခဲ့ပါတယ်။

စပါးအသင်းသည် ပရီးမီးယားလိဂ်တွင်အဆင့် ၈ နေရာတွင်ရပ်တည်နေပြီး တန်းစီဇယား အဆင့် ၅ နေရာမှာရပ်တည်နေတဲ့ မန်ယူအသင်းနဲ့ ၄ မှတ်ကွာဟလျှက်ရှိနေပါတယ်။

No comments:

Powered by Blogger.