Breaking

Man Utd, Liverpool, Tottenham နှင့် Arsenal တို့ရဲ့နောက်ဆုံးရ အပြောင်းအရွှေ့သတင်း များ



Man Utd, Liverpool, Tottenham နှင့် Arsenal တို့ရဲ့နောက်ဆုံးရ အပြောင်းအရွှေ့သတင်း များ
ပရီးမီးယားလိဂ်အသင်းများအားလုံးသည်ဇန်နဝါရီအပြောင်းအရွှေ့ ကာလာတွင် အရှိန်အဟုန်ဖြင့်အသင်းတိုင်းအင်တိုက် အားတိုက်အလှုပ်ရှားလာနေတယ်ကို မြင်တွေ့နေရပါပီ။
အက်သလက်တီကို လူငယ်ကစားသမား Thomas Lemar ရဲ့ အပြောင်းရွှေ့အတွက် လန်ဒန် ကလပ်အသင်းအနည်းဆုံး သုံးသင်းလောက်က
ခေါ်ယူဖို့အတွက် စောင့်ကြည့်နေကြပါတယ်။
အာဆင်နယ် အသင်းဟာ အထူးသဖြင့် ပြင်သစ် ကစားသမားတွေကို အဓိကထားခေါ်ယူလေ့ရှိပီး အခုလည်း အက်သလက်တီကို ကစားသမား Thomas Lemar ကို Tottenham အသင်းနဲ့ အပြိုင် အငှားဖြင့် ခေါ်ယူနိုင်ရန်အတွက် စိတ်ဝင်စားလျှက်ရှိနေသည်။
ချဲလ်ဆီး အသင်းလည်း အဆိုပါကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်၊ စပါး အသင်းတို့နဲ့အပြိုင်ကြိုးပမ်းလာနေတာကို တွေ့ရပါတယ်။
Tottenham အသင်းသည်ဘာစီလိုနာအသင်း၏ညာနောက်ခံ Nelson Semedo ကိုခေါ်ယူနိုင်ဖို့အတွက်စိတ်အားထက်သန်နေသည်။
Tottenham အသင်း Christian Eriksen ဟာ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ချင်ကြောင်းဖွင့်ဟသွားခဲ့သည်။
West Ham အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်သည် ယခင် Everton ကစားသမားဟောင်း Marouane Fellaini ကို Premier League ကိုပြန်လည်ခေါ်ယူသွားရန်အတွက် ပြင်ဆင်လျက်ရှိသည်။ တကယ်လို့ အပြောင်းရွှေ့သာ တကယ်ဖြစ်လာပါက ပရီးမီးယားလိဂ်သို့တတိယအကြိမ် ပြန်လည် ခြေချခွင့်ရသွားမှာပဲ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းသည်ယခုလတွင်နောက်ထပ် ကစားသမားအသစ် ခေါ်ယူရန်အလားအလာမရှိသော်လည်း Dortmund ကစားသမား Jadon Sancho အပါအဝင် နွေရာသီရည်မှန်းချက်စာရင်းကိုရေးဆွဲထား ပီးဖြစ်သည်။

No comments:

Powered by Blogger.