Breaking

ရီးရဲလ်မက်ဒရစ်သည်ဆော်ဒီတွင် ကျင်းပမည့်စပိန်စူပါဖလားဗိုလ်လုပွဲအား အက်သလက်တီ နဲ့ ရင်ဆိုင် ကစားရတော့မှာပဲ ဖြစ်ပါတယ်။



ရီးရဲလ်မက်ဒရစ်သည်ဆော်ဒီတွင် ကျင်းပမည့်စပိန်စူပါဖလားဗိုလ်လုပွဲအား အက်သလက်တီ နဲ့ ရင်ဆိုင် ကစားရတော့မှာပဲ ဖြစ်ပါတယ်။

နာမည်ကြီး ဘာစီလိုနာ အသင်းဟာ Atletico Madrid  အသင်းကို 2-3 ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် စပိန် Super Cup Final ကို လက်ပြနုတ်ဆက်ခဲ့ရပီပဲဖြစ်ပါတယ်။ Atletico အသင်းဟာ ဘာစီလိုနာအသင်း ကို နောက်ကျဂိုးနှစ်ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့သည်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ စူပါဖလားပြိုင်ပွဲကိုဆော်ဒီသို့ပြောင်းရွှေ့ကျင်းပရန် ယူရိုသန်း ၁၂၀ (ဒေါ်လာ ၁၃၃.၄ သန်း) တန်ဖိုးရှိသုံးနှစ်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့အတွက် အသင်းကြီးတွေ ဖြစ်ကြတဲ့ ရီးရဲလ်နှင့်ဘာစီလိုနာတို့က ဆန့်ကျင်ခဲ့ကြပေမဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ စူပါဖလားပြိုင်ပွဲကိုဆော်ဒီသို့ပြောင်းရွှေ့ကျင်းပခဲ့သည်။

Spain La Liga အမှတ်ပေးဖလားမှာ အဆင့်(၁) အဆင့်(၂) နေရာတွေကို နှစ်တိုင်း ကြီးစိုးနေတဲ့ ဘီလူးနှစ်ကောင်ဖြစ်တဲ့ ရီးရဲလ်နှင့်ဘာစီလိုနာ အသင်းတို့ဟာ အခုနှစ်မှာတော့ ခြေစွမ်းတွေ တည်ငြိမ်မှူ့ မရှိပဲ ရုန်းကန်နေရတာကိုတော့ မြင်တွေ့နေရပါတယ်။


ဂျေဒါမြို့ မှာကျင်းပမယ့် စပိန်စူပါဖလားဗိုလ်လုပွဲ မှာတွေ့ဆုံရမယ့် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အက်သလက်တီကို အသင်းတို့ ဟာ လှပသောဂိုးသွင်းစွမ်းရည် တွေ ဖြင့် အကောင်းဆုံးအသင်းတွေကို ဖြတ်ကျော်နိုင်ခဲ့ပီး ထိုက်ထိုက်တန်တန် ဗိုလ်လုပွဲကို တက်ရောက်လာနိုင်ခဲ့တယ် လို့ နှစ်ဖက်အသင်းနည်းပြတွေက ပြောဆို ခဲ့ကြပါတယ်။

Atletico Madrid အသင်းဟာ လာမယ့် ကြာသာပတေးနေ့တွင်ဆီမီးဖိုင်နယ်၌ဘာစီလိုနာ ၃-၂ ဖြင့်အနိုင်ရရှိပြီးနောက်ရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကိုအနိုင်ယူပြီးချန်ပီယံလိဂ်မှာအရှိန်အဟုန်မြင့်တက်လာနေပြီးဘာစီလိုနာကိုကျော်ဖြတ်နိုင်ခြင်းဟာဒုတိယရာသီဝက်မှာခက်ခဲတဲ့အခြေအနေတွေကို ထပ်မံကျော်ဖြတ်နိုင်ဖို့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ယုံကြည်မှူ့တွေ ပိုမိုမြင့်မားလာခဲ့ပီပဲဖြစ်ပါတယ်။

"ဒီကနေ့ အနိုင်ပွဲဟာကလပ်အတွက်အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့ဟာကမ္ဘာပေါ်မှာအကောင်းဆုံးတိုက်စစ်ကစားသမားတွေကိုအနိုင်ယူနိုင်ခဲ့တယ်" ဟု Atletico နည်းပြ Diego Simeone မှပြောကြားခဲ့သည်။ ကျွန်တော်တို့အသင်းရဲ့ကစားပုံ၊ ယုံကြည်မှု တွေကို မြင်တွေ့ခဲ့ရပါတယ် ဟုနည်းပြကြီးကထပ်လောင်းပြောကြားသွားခဲ့သေးပါတယ်။

ဘာစီလိုနာ အသင်းနည်းပြ Valverde ကတော့ "ကျနော်တို့ အသင်းဟာ ဒီကနေ့မှာ ရုန်းကန်ခဲ့ရပါတယ် ပိုကောင်းတဲ့အသင်းက အနိုင်ရရှိခဲ့တာပါလို့" အက်သလက်တီကို အသင်းကို ရုံးနှိမ့်ခဲ့ပီးနောက် ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

လာလီဂါ တွင် ရီးရဲလ် အသင်းနဲ့ ၅ မှတ်အကွာဟနေပီး အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ အက်သလက်တီကို အသင်းကတော့ ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့ပီးနောက် သူတို့ တွေဟာ အသင်းတိုင်းကို ကျော်ဖြတ်နိုင်တယ် ဆိုပီး ရီးရဲအသင်းကို စိန်ခေါ်သွားခဲ့ပါတယ်။

"စွမ်းဆောင်ရည်တစ်ခုလုံးကိုကျွန်တော်ကျေနပ်ပါတယ် ဒါပေမယ့်ဒါကဆီမီးဖိုင်နယ်ပဲ၊ ကျွန်တော်တို့ဘာမှအနိုင်မရသေးဘူး။
" ဟုမက်ဒရစ်နည်းပြ Zinedine Zidane မှ ဗလင်စီယာ အသင်းကို အနိုင်ယူပီးနောက်ပြောကြားခဲ့သည်။

ပီးခဲ့သော သောကြာနေ့စပိန်စာနယ်ဇင်းတွေရဲ့ သတင်းအရ ဘာစီလိုနယ် ကွင်းလယ်ကစားသမားဟောင်း Xavi Hernandez အားနွေရာသီတွင်ခေါ်ယူနိုင်ရန်အတွက် ကာတာ ကချိတ်ဆက်နေတယ်နေလို့သိရပါတယ်။

#Sportlivemyanmar
#slm



No comments:

Powered by Blogger.