Breaking

ဘာစီလိုနာအသင်းဟာအသင်းနည်းပြ Ernesto Valverde ကိုထုတ်ပယ်ပြီးနောက် Real Betis နည်းပြ Quique Setien ကိုခန့်အပ်

ဘာစီလိုနာအသင်းဟာအသင်းနည်းပြ Ernesto Valverde ကိုထုတ်ပယ်ပြီးနောက် Real Betis နည်းပြ Quique Setien ကိုခန့်အပ်ခဲ့သည်...




ဘာစီလိုနာအသင်းဟာ La Liga တွင်လည်း ထိပ်ဆုံးတွင်ရပ်တည်နေပြီး ချန်ပီယံလိဂ်အုပ်စုတွင်အနိုင်ရခဲ့သော်လည်း နည်းပြဟောင်း Valverde ၏ အသင်းအပေါ် ကိုင်တယ်ပုံ ညံ့ဖျင်းပုံတို့ကြောင့် ဘာစီလိုနာအသင်း တာဝန်ရှိသူတွေက ထုတ်ပယ်ခဲ့ကြတာပဲဖြစ်ပါတယ်။

အသက် ၆၁ နှစ်အရွယ်စီတီယန်သည်ပြီးခဲ့သည့်ရာသီကဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နှင့်အက်သလက်တီကိုမက်ဒရစ်တို့ကိုအနိုင်ရရှိခဲ့သည်။
သူ၏စိတ်လှုပ်ရှားဖွယ်ကောင်းသောဘောလုံးကစားနည်း တို့ဖြင့် ဘာစီလိုနာအသင်း တာဝန်ရှိသူတွေကလိုချင်သောအရာနှင့်လိုက်လျောညီထွေဖြစ်အောင်  စီတီယန် က အပြောင်းအလဲတစ်ခုပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။

ဘာစီလိုနာအသင်း ဟာ Valverde ၏ထုတ်ပယ်ခြင်းသည် အသင်းသမိုင်းတစ်လျှောက် ရာသီမလယ် တွင် ရာထူးမှထုတ်ပယ်တာဟာ ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။

Xavi ကတစ်နေ့တွင် ဘာစီလိုနာနည်းပြဖြစ်လာရန်ဆန္ဒရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ ကလပ်ဟာ ရာသီကုန်ဆုံးချိန်အထိစောင့်ဆိုင်းရန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးသူ့ကိုဆွဲဆောင်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး...

ဘာစီလိုနာအသင်း မူလကတည်းက အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် Valverde ကို သက်တမ်းမတိုးရန်ဆုံးဖြတ်ထားသော်လည်း ဆော်ဒီအာရေဗျ မှာကျင်းပတဲ့ စပိန် Super Cup ပြိုင်ပွဲ မှာ Atleti ကို ၃-၂ ရှုံးခဲ့ပြီးနောက် Valverde ကိုရာထူးမထုတ်ပယ်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
#Sportlivemyanmar
#slm

No comments:

Powered by Blogger.